Events
NAHB International Builders’ Show (IBS) 2021
Updated At: 2020-05-12 09:30:00
“NAHB International Builders’ Show (IBS) 2021” ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၁ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါသည်။
ယင်းပြပွဲတက်ရောက်ခြင်းဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံ စေျးကွက်တန်ဖိုး ရှိသော အမေရိကန်အိမ်ရာဆောက်လုပ်ရေးစေျးကွက်သို့ မြန်မာ့အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်တင်ပို့သူများအနေဖြင့် စီးပွားရေးအခွင့်အလမ်းများ ရရှိနိုင်ပါကြောင်း၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းနှင့် သက်ဆိုင်သော ထုတ်လုပ်သူများ၊ ထုတ်ကုန်တင်ပို့သူများနှင့် နည်းပညာကုမ္ပဏီများသည် ပြပွဲသို့လာရောက် ကြည့်ရှုကြမည့်ကုန်သည်များနှင့်ပညာရှင်များအကြားမိမိကုန်စည်နှင့်နည်းပညာများကို ထိရောက်စွာ ပြသဆွေးနွေးနိုင်ပြီး ကြီးမားသည့်စေျးကွက်နှင့် ချိတ်ဆက်မှုများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ပြပွဲသို့ အမေရိကန်၏ယုံကြည်စိတ်ချရဆုံး မီဒီယာ ၄၀၀ ကျော် တက်ရောက်ကြသည့်အတွက် မိမိကုန်စည်အမှတ်တံဆိပ်ကြော်ကြားနိုင်ပါကြောင်း၊ Best of IBS Awards နှင့် နောက်ဆုံး အဆင့်စာရင်းဝင်များသည် တစ်နှစ်ပတ်လုံး ပြခန်းအခမဲ့ပြသခွင့်စသည့် အခွင့်အလမ်းများ ရရှိနိုင် မည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက စီမံကိန်းဒါရိုက်တာဖြစ်သူ Mr. Cheah Wai Hong ၊ ဖုန်း- ၆၅-၉၆၈၉၀၁၅၂၊ email: [email protected] သို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း သိရှိရပါသည်။
ယင်းပြပွဲနှင့်ပတ်သက်၍ အချက်အလက်များသိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com သို့လည်း ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- Updating
- Location
- အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့
- Website
- www.myantrade.org
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026